A virtual conference dedicated to the evolving world of interpreting in 2026. At its heart, the event is about interpreters finding fresh strength, refining their path, staying on the loop of AI advances, and reconnecting with purpose.
Source text in English |
The winning entry has been announced in this pair.There were 3 entries submitted in this pair during the submission phase. The winning entry was determined based on finals round voting by peers.Competition in this pair is now closed. |
တိုးတက်နေတဲ့ ယနေ့လိုခေတ်ကြီးထဲမှာ ခေတ်ရဲ့ပြယုဂ်တစ်ခုအရ လူတွေက တိတ်ဆိတ်ငြိမ်သက်မှုကို တောင့်တကြပေမဲ့ ဘာတစ်ခုကိုမတွေ့ရှိနိုင်ကြပါ။ ကားတွေ ဝေါကနဲဖြတ်သွားသံ၊ ဖုန်းတွေ တပီပီနဲ့အဆက်မပြတ်မြည်သံ၊ ဘတ်စ်ကားတွေ နဲ့ ရထားတွေထဲမှာ ဒစ်ဂျစ်တယ်စက်ရဲ့ကြော်ငြာသံ၊ လူမရှိတဲ့ ရုံးခန်းထဲမှာတောင် တီဗွီတွေ တရှဲရှဲမြည်သံတွေက မကုန်ခန်းတဲ့ဘက်ထရီတစ်ခု နဲ့ အာရုံနှောင့်မှုတွေပဲ ဖြစ်တယ်။ လူသားမျိုးနွယ်က ကိုယ့်ကိုကိုယ် အသံတွေနဲ့ အားအင်ကုန်ခန်းစေပြီး ဒါရဲ့ဆန့်ကျင်ဖက်ကို တောင့်တမျှော်မှန်းကြတယ် - လေထဲမှာပဲဖြစ်ဖြစ်၊ ကျယ်ပြောတဲ့ သမုဒ္ဒရာပြင်ပေါ်မှာဖြစ်ဖြစ် ဒါမှမဟုတ် ငြိမ်ဆိမ်ပြီး အာရုံစူးစိုက်ဖို့ အထူးမြှုပ်နှံတဲ့ အနားယူစရာနေရာတချို့မှာပဲဖြစ်ဖြစ်ပေါ့။ သမိုင်းဘာသာရပ် ပရော်ဖတ်ဆာတစ်ဉီးဖြစ်တဲ့ အယ်လိန်း ကော်ရ်ဘင် (Alain Corbin) က ဆော်ဘုန်း (Sorbonne) မှာရှိတဲ့ ခိုလှုံတဲ့နေရာမှာ စာတွေရေးပြီး၊ နော်ဝေက စူးစမ်းရှာဖွေသူ အာရ်လင်း ကေးဂဲ (Erling Kagge) က အန္တာတိကမှာရှိတဲ့ အသုံးမချတဲ့မြေများက သူ့ရဲ့အမှတ်ရစရာတွေကနေ စာတွေရေးသားတယ်၊ ဒီနေရာဆီကို သူတို့နှစ်ဉီးလုံး လွတ်မြောက်ထွက်ပြေးဖို့ကြိုးစားခဲ့ကြတယ်။ ပြီးတော့ မစ္စတာကော်ရ်ဘင်က "တိတ်ဆိတ်ငြိမ်သက်မှုရဲ့ သမိုင်းတစ်ခု" ထဲမှာ လက်ညှိုးထိုးပြခဲ့သလိုပဲ ရှိနေကျထက်မပိုတဲ့ အသံတွေပဲရှိဖို့ ဖြစ်နိုင်ပါတယ်။ လေထိုးတိုင်ယာတွေမပေါ်ခင် သတ္တုနှုတ်ခမ်းသတ်ဘီးတွေ နဲ့ မြင်းခွာတွေ ကျောက်တုံးပေါ်မှာရိုက်ခတ်သံတွေနဲ့ မြို့လမ်းမတွေပေါ်မှာ နားကွဲလောက်စရာ ပြည့်နေခဲ့တယ်။ မိုဘိုင်းဖုန်းတွေနဲ့ ကိုယ့်ကိုကိုယ်သီးသန့်မခွဲခြားခင်တုန်းက ဘတ်စ်ကားတွေနဲ့ ရထားတွေဟာ စကားပြောသံတွေညံနေခဲ့တယ်။ သတင်းစာရောင်းသမားတွေက သူတို့ရဲ့ပစ္စည်းတွေကို တိတ်တိတ်ဆိတ်ဆိတ်ဘယ်တော့မှ အပုံလိုက်မချခဲ့ဘူး၊ ဒါပေမယ့် လမ်းဘေးက ချယ်ရီသီးတွေ၊ ဗွိုင်အိုလက်ပန်းတွေ၊ ဂုံးလတ်လတ်ဆတ်ဆတ် အရောင်းသမားတွေလုပ်သလိုပဲ အသံကုန်အော်ပြီး ကြော်ငြာကြတယ်။ သီရေတာတွေနဲံ အော်ပရာရုံတွေက လူခေါ်သံတွေ၊ အော်ဟစ်ဝေဖန်သံတွေနဲ့ ရှုတ်ရှက်ခတ်နေခဲ့တာပဲ။ တောရွာတွေမှာတောင် လယ်သမားတွေက ငြီးငွေ့စရာအလုပ်တွေကို တကုပ်ကုပ်လုပ်နေရင်း သီချင်းညည်းဆိုကြသေးတယ်။ အခုဆို သူတို့တွေ သီချင်းမဆိုကြတော့ဘူး။ ဘာကပြောင်းလဲသွားတာလဲဆိုတော့ လွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းကလည်း မကျေမနပ်နဲ့စောဒကတက်ခဲ့ကြတဲ့ အသံမပမာဏကြောင့်သိပ်မဟုတ်လှပဲ တိတ်တိတ်ငြိမ်သက်မှု ဝင်ရောက်လာတော့မယ့် နေရာကိုဖြည့်ဝင်လာတဲ့ အာရုံနှောင့်မှု ပမာဏပဲဖြစ်တယ်။ ဒီမှာ တခြားဝိရောဓိတစ်ခုက ပုံသဏ္ဍာန်ပေါ်လာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့သာ - နက်ရှိုင်းတဲ့ ထင်းရှူးတောတစ်ခုထဲ၊ ဘာမှမရှိတဲ့ ကန္တရာထဲ၊ ရုတ်တရက်လူတွေထွက်ခွာသွားတဲ့ အခန်းတစ်ခုထဲ - ကို တိတ်ဆိတ်ငြိမ်သက်မှုကဝင်ရောက်ခဲ့ရင် လက်ကမ်းကြိုဆိုသလိုထက် စိတ်အာရုံပျက်ပြားမှုတွေ ပိုဖြစ်စေတာကို မကြာမကြာပဲသက်သေပြနိုင်တယ်။ စိုးရိမ်ထိတ်လန့်စရာက တွားဝင်လာတယ်၊ မီးတရှဲရှဲလောင်သံ၊ ဒါမှမဟုတ် ငှက်တွေအချင်းချင်းခေါ်သံ၊ ဒါမှမဟုတ် သစ်ရွက်တွေတိုးတိုးမြည်သံတွေလို ဘယ်လိုအသံတစ်ခုခုမဆိုကို နားက အလိုလိုငြိတွယ်သွားပြီး ဒါက ဘာမှန်းမသိတဲ့ ဒီလိုဟင်းလင်းပြင်ထဲကနေ ကယ်တင်သလိုဖြစ်သွားလိမ့်မယ်။ လူတွေက တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားပေမယ့် သိပ်အများကြီးတော့ မဟုတ်ပါဘူး။ | Entry #23267 — Discuss Winner
|
အနည်းဆုံးအားဖြင့် ဖွံ့ဖြိုးပြီးဖြစ်သည့်ကမ္ဘာ၌ပင် မျက်မှောက်ကာလ၏ အနေအထားတစ်ရပ်မှာ လူများအနေဖြင့် တိတ်ဆိတ်ငြိမ်သက်မှုကို တောင်းတကြပြီး မည်သည့်ဆိတ်ငြိမ်မှုကိုမျှ မရရှိနိုင်ကြပါ။ ယာဉ်အသွားအလာဆူညံသံ၊ မရပ်ဆိုင်းနိုင်လောက်သည့် ဖုန်းမြည်သံများ၊ ဘတ်စ်ကားများနှင့်မီးရထားများပေါ်၌ ဒီဂျစ်တဲလ်အသံထုတ်လွှင့် ကြေညာချက်များ၊ ဟာလင်းနေသည့် ရုံးခန်းများ၌ပင် ရုပ်မြင်သံကြားစက်များ၏ ဆူညံသံများတို့မှာ ဆုံးခန်းမတိုင်တော့သည့် နှိပ်ကွပ်မှုနှင့် စိတ်အာရုံပြောင်းလဲမှုတို့ဖြစ်ကြပါသည်။ လူသားတို့သည် ဆူညံသံတို့ဖြင့် မိမိတို့ကိုယ်တိုင် ပင်းပန်းနွမ်းနယ်လျက်ရှိကြပြီး ဆူညံခြင်း၏ ဆန့်ကျက်ဘက်ကို လိုလားတောင်းတကြသည်။ ဆိတ်ငြိမ်မှုနှင့် စိတ်အာရုံပြုမှုကို ရရှိစေရန်အတွက် တောကြီးမျက်မည်းများ၌ဖြစ်စေ၊ အပြောကျယ်သည့် သမုဒ္ဒရာတွင်း၌ဖြစ်စေ သို့မဟုတ် အခြားသော စံမြန်းရာနေရာ၌ဖြစ်စေ လိုလားကြသည်။ သမိုင်းပါမောက္ခ တစ်ဦးဖြစ်သည့် Alain Corbin သည် Sorbonne ဒေသ၌ သူ၏ခိုလှုံရာနေရာမှ ရေးသားလိုက်သည်၊ ၎င်းအပြင် နော်ဝေးနိုင်ငံသား နယ်သစ် စူးစမ်းရှာဖွေသူတစ်ဦးဖြစ်သူ Erling Kagge သည် တောင်ဝင်ရိုးစွန်း အချည်းနှီးနယ်မြေကို အမှတ်ရနေရင်းမှ ရေးသားလိုက်သည်၊ သူတို့နှစ်ဦးလုံးသည် ထိုနေရာများ၌နေ၍ ဆူညံသံများမှ လွတ်မြောက်အောင် ကြိုးစားခဲ့ပါသည်။ Mr. Corbin က “တိတ်ဆိတ်ငြိမ်သက်မှုသမိုင်း” တွင် ထောက်ပြထားသည့်အတိုင်း ယခုတိုင် ဆူညံသံမှာ ယခင် ရှိခဲ့သည်ထက် သေချာသလောက် ပို၍မဆူညံပါ။ လေထိုးရသော ကားဘီးတာယာ မပေါ်ပေါက်ခင်က မြို့တွင်းလမ်းများမှာ ကျောက်တုံးပေါ်နင်းသွားသည့် သံထည်ရစ်ပတ်ထားသော ဘီးများနှင့်မြင်းခွာများတို့၏ နားပင်းနိုင်လောက်သော ဂလောင်ခနဲမြည်သံများ ပြည့်နက်နေခဲ့ပါသည်။ မိုဘိုင်းဖုန်းများကို မိမိသဘောအလျောက် မပိတ်ထားမီ ဘတ်စ်ကားများနှင့်မီးရထားများမှာ စကားပြောသံများဖြင့် မြည်ဟီးခဲ့သည်။ သတင်းစာရောင်းချသူများမှာ ၎င်းတို့၏သတင်းစာများကို တိတ်တဆိတ် ပုံချထားခဲ့သည်မဟုတ်ဘဲ သံကုန်ဟစ်ပြီး သတင်းစာများကို ကြော်ညာခဲ့ကြသည်၊ ချယ်ရီသီးများ၊ နီလာပန်းများနှင့် လတ်ဆတ်သော မက်ကရယ်ငါး ရောင်းချသူများ အော်ဟစ်သည့်အတိုင်းပင် ဖြစ်သည်။ ဇာတ်ပွဲရုံနှင့် အော်ပရာဇာတ်ရုံတို့မှာ ပျော်ရွှင်အော်ဟစ်သံများနှင့် အော်ဟစ်ဝေဖန်သံများဖြင့် ပရမ်းပတာဖြစ်ခဲ့ကြသည်။ ကျေးလက်ဒေသတွင်ပင်လျှင် လယ်သမားများမှာ သူတို့အလုပ်လုပ်ခဲ့ရင်း တေးသံသီဆိုခဲ့ကြသည်။ ယခု သူတို့ တေးသံမသီဆိုကြတော့ပါ။ လွန်ခဲ့သည့် ရာစုနှစ်များကလည်း အပြစ်တင်ဝေဖန်ခဲ့သည့် ပြောင်းလဲခဲ့သောအရာမှာ အလွန်ဆူညံလွန်းသည့် ဆူညံသံ အဆင့်အနေအထားမဟုတ်ဘဲ၊ တိတ်ဆိတ်ငြိမ်သက်မှုက ရောက်ရှိနေနိုင်ဖွယ်ရှိသည့်နေရာ၌ အစားထိုးဝင်ရောက်လာသည့် စိတ်အာရုံပြောင်းလဲမှု အဆင့်အနေအထားဖြစ်ပါသည်။ နက်ရှိုင်းသည့် ထင်ရူးတောအတွင်း၊ ပြောင်သလင်းသဲကန္တာရအတွင်း၊ ရုတ်တရက် ဟာသလင်းဖြစ်သွားသည့် အခန်းအတွင်း တိတ်ဆိတ်ငြိမ်သက်မှုက နေရာယူလိုက်သည့်အခါ- ၎င်းကို များသောအားဖြင့် ကြိုဆိုလက်ခံရမည့်အစား မချင့်မရဲခံစားမှုကို ဖြစ်ပေါ်စေပါသည်။ စိုးရိမ်ပူပန်မှု ဖြစ်ပေါ်လာသည်- နားကအလိုအလျောက် တစ်ခုခုအပေါ် နားစွင့်လာသည်၊ မီးစွဲသံလား သို့မဟုတ် ငှက်တေးကြူးသံလား သို့မဟုတ် သစ်ရွက်များကြွေသံလား၊ ၎င်းအသံများမှာ ဤမရေရာသည့် ဟာလင်းနေမှုမှ ကျော်လွန်ပေးမည်ဖြစ်ပါသည်။ လူများသည် တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားကြသော်လည်း ထိုမျှလောက် အလွန်များများ မဟုတ်ကြပါ။ | Entry #22364 — Discuss
|
မျက်မှောက္်ခေတ်၏ ဇာတ်လမ်းတစ်ပုဒ်၊ အနည်းဆုံး တိုးတက်နေသောကမ္ဘာ ြကီးတွင် လူများသည် ဆိတ်ြငိမ်မှုကို လိုချင်တပ်မက်သော်လည်း ရှာဖွေမရနိုင်ပေ။ ကားလမ်းများ၏ ဆူညံသံ၊ မရပ်မနားတစီစီမည်နေသော ဖုန်းသံများ၊ ဘတ်စကားများ ရထားများတွင် ဒီဂျီတဲလ် ကြေညာချင်းများ။ ဘယ်သူမျှ မရှိသော ရုံးများတွင်ပင် မည်ဟီးနေသော တီဗွီ ရုပ်ြမင်သံြကားစက်များ၊ သည် မြပီးဆုံးနိုငသော ဆက်တိုက် ြဖစ်နေပြီး အနှောက်အယှက်များြဖစ်ြကသည်။ လူသားများသည် အသံဘလံများြဖင် မိမိကိုယ်မိမိ မောပန်းအားကုန်နေစေကာ ေတာ္ေတာင္္်ထဲမှာပြဲဖစ်ြဖစ် ပင်လယ်ြပင်ြကိးထဲမှာပြဲဖစ်ြဖစ် ဒါမှမဟုတ် ဆိတ်ြငိမ်တည်ြငိမ်မှုနှင့် သမာဓိအာရုံစိုက်မှုတို ့ကို အဓိကထားသော ဆိတ်ြငိမ်နားနေရာ္ကန်းြေဖနေရာတွင်ပြဲဖစ်ြဖစ် ဆန့်ကျင်ဖက်ကို တောင့်တနေပေသည်။ သမုိင္်းပါမောက္ခ Alain Corbin သည္် သူ၏ခိုကိုးရာ Sorbonne မှ ၎င်း။ နော်ဝေမှ စွန့်စားရှာဖွေသူ Erling Kagge သူ၏ အင်တာတစ်ကာ မြေလျှာြကိးမှ မှတ်တမ်းများမှ ထုတ်နှုတ်ရေးသားခဲြ့ကညသည်။နှစ်းဦးလေုံး ဆိတ်ြငိမ်ရာသို့ ထွက်ပြေးရန်ြကိုးပ မ်းခဲြ့ကသည်။ သို ့ပေသော်လည်း မစ္စတာကိုဘန်းထောက်ြပခဲ့သည်မှာ- ဆိတ်ြငိမ်မှု၏သမု်င်းတွင် ထောက်ပြခဲ့သည်မှာ- ယခင်ရှိတဲ ့ဆူညံသံထက် ပိုတဲ့ဆူညံသံ မရှိလောက်ဖူး။ လေဖြည့်တာရာများမပေါ်ခင်ခေတ်က သံကွတ်ဘီးများ၏ နားကွဲဖွယ်အသံများနှင့် မြင်းခွာ်နှင့် ကျောက်လမ်း ရိုက်သံများြဖင့် ြမိ့များသည် နားကွဲဖွယ်ဆူညံခဲြ့ကသည်။ လက်ကိုင်ဖုန်းများတွင် မိမိသဘောအရခွြဲခင်းမတိုင်မီက ဘတ်စကားများ ရထားများပေါ်တွင် ဖုန်းပြောသံများဆူညံနေသည်။ သတင်းရောင်းသူများသသည် ဆိတ်ြငိမ်စွာ ပုံချြခင်းမပြုပဲ ချယ်ရီ၊ ဝိုင်းအိုလက်ပတ်နျင့် မက်ကရဲ်ာငါးရောင်ူသူများနည်းတူ အသံကုန် အော်ဟစ်ရောင်းချခဲြ့ကညသည်။ ဇာတ်ရုံ ြပဇာတ်ရုံများတွင် လူများြကိတ်ြကိတ်တိုး ဝှေ့ခဲြ့ကသည်။ ြမိြု့ပင်ရွာချေများတွင်ပင် တောင်ယာသမါးများသည် ပင်ပန်းြကီးစွာအလုပ်လုပ်ရင်း သိချာင်းများဆိုခဲြ့ကသည်။ ယခုသူတို ့မဆိုတော့်။ ပြောင်းလဲတာက၊ ယခင်ရာစုန်ှစ်များကလည်း ညီးခဲ့တဲ့ အသံဗလံ၏ ထုထည်ကို ဒီလောက်မဟုတ်၊ ဆိတ်ြငိမ်ရမည့်အချိန်အကွက်နေရာယူနိုင်သည့် နေရာတွင် ဆွဲဆောင်မှု နှောက်ယှက်မှု အဆင့်ြဖစ်သည်။ နောက်ထပ် ဒီွဟ တစ်ခုလျဣ်းြခုံထားသေးသ ည်။ အဘယ်ြေကာင့်ဆိုသော် ဆိတ်ြငိမ်မှသည် နေရာဝင်ယူလာလျှင် - ထူရှူးပင်တောအုပ်အတွင်း (သ) တလင်းြပင် ြေပာင် သဲက္မဎာရ တွင် ၊ ရုတ်တရက်လူ ့မရှိတော့်သည့်အခန်း ယင်းအြေခအနေမျုးတွင် ြကိုဆိုမျုထက် ကျောချမ်းစေမှုကိ ပိုသည်။ ကြောက်ရွံ ထိတ်လန့်မှုသည် စိမ်းဝင်လာြပီး၊ နားသည်အလိုအလျောက် ြကးသမျှကို စူးစိုက်နာေးထာင်သည် - မီးမွှေးသံသို ့မဟုတ် ငျက်ခေါ်သံ (သ )သစ်ရါက် လျုပ်ရိုက်သံ အပေါ် မသိရျသာဟာလာဟင်းမှုမှ ကင်းဝေးရန် အြကးားအာရုံစိုက်လာမည်။ လူများသည် ဆိတ်ြငိမ်မှုကို လိုလားသည် သို ့သောအလွန်အမင်းတော့်မဟုတ်။အတု်ိင်းအတာတစ်ခုအထိပဲ၊ | Entry #23041 — Discuss
|